.
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်

အွန်လိုင်းညီအကိုမောင်နှမများ...ကျွန်နော်ဒီဆိုဒ်လေးကိုမေတ္တာစေတနာထားပြီး...သိသလောက်တက်သလေက်လေးကိုကျွန်နော်ရဲ့ညီအကိုမောင်နှမများအတွက်...ပြန်လည်မျှဝေခြင်းဘဲဖြစ်ပါတယ်ခင်ညာ...ဆော့ဝဲလ်အကြောင်းနားမလည်ပါ... ဖုန်းအကြောင်းလည်းမကျွမ်းကြင်ပါ...သိသလောက်လေးကိုပြန်လည်မျှဝေချင်တာသက်သက်ပါ...သင်ဆရာတော့မရှိပါဘူးကျွန်နော်ရဲ့ညွှန်ကြားဆရာဖြစ်တဲ့ KP-3 ဘလော့ခရီးသည် တို့ကိုအလေးစားလျှက်အထူးကျေးဇူးတင်ပါတယ်...လာလည်သူ သူငယ်ချင်းအားလုံးကိုလည်းဆုမွန်ကောင်းတောင်းပါတယ်...

Saturday, 27 July 2013

Android OS Device အတွက် Pro Myankey V2.0 Beta 5 အသစ်

Unknown | 02:51 | Best Blogger Tips

ဒီနေ့ Share ပေးလိုက်တဲ့ Application လေးကတော့ Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွင် စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ၊ စာရိုက်ရတာ အထူးကောင်းမွန်ပြီး စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်။ MMUC မှ Myanmar Developer (Ko-Thu Rein) ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ၊ တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ်။ စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ်။ ( ကိစ္စ )ဆိုပြီး ထိုကဲ့သို့ စာလုံးနှစ်လုံးဆင့်ရိုက်လိုက ( စ ) ကို ဖိထားလိုက်ပါ ထွက်လာပါလိမ့်မည်။ (ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့ မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ။ သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ။ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ်။ Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ်)။ ကြိုက်တယ်ဆိုရင် အောက်ပါ Link မှာ ရယူနိုင်ပါတယ်။


File Size: 7o7 Kb
Install လုပ်နည်းနှင့် အသုံးပြုနည်းကို အောက်တွင် အနည်းဖော်ပြပေးလိုက်ပါတယ်။

၁။ Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ၊ ပြီးရင် Start Button ကိုပြီး MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ၊
("ဒီနေရာမှာ မိမိဖုန်းတွင် Myanmar Font မထည့်ရသေးဘူး ဆိုရင် ဇော်ဂျီဖောင့် ထည့်ရန် ကို နှိပ်ပေးပြီးထည့်လို့ရပါတယ်။ {သတိ။  ။ မိမိဖုန်းသည် Root Access ဖြစ်ဖို့ လိုအပ်ပါတယ်။} အခြား Myanmar Font ထည့်သွင်းနည်းကို ဒီနေရာမှာ ၀င်ပြီးလေးလာနိုင်ပါတယ်။")

၂။ Pro Myankey အမှန်ခြစ်ပေးပြီး၊ ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ၊ Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ။

 သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ။( ကိစ္စ )ဆိုပြီး ထိုကဲ့သို့ စာလုံး နှစ်လုံးဆင့် ရိုက်လိုက ( စ ) ကို ဖိထားလိုက်ပါ ထွက်လာပါလိမ့်မည်။ အကယ်၍ သင်ဟာ  Myankey 10 Keys ကို ရွေးချယ်ပြီး အသုံးပြုမည်ဆိုပါက သင်၏ကီးဘုတ်မှာ အောက်ပါပုံအတိုင်း ( ₪ ) ပုံလေးပ်ါနေတာကို တွေ့ရပါမည်။
သူ၏ လုပ်ဆောင်ချက်ကတော့  စာလုံးနှစ်လုံးဆင့် ရေးဖို့ရန်အတွက် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။
၁။ ( ကိစ ) ကိုအရင်ရေးပြီး.....
၂။ ( ₪ ) ကိုရေးလိုက်ပါ....
၃။ ပြီးနောက် ( စ ) ကို ရေးလိုက်ပါ။
( ကိစ္စ ) ဆိုပြီး အတွဲလိုက်လေး ဖြစ်သွားတာကို သင်မြင်တွေ့ရပါလိမ့်မယ်။   - See more at: http://mrthangming.blogspot.com/2013/07/android-os-device-pro-myankey-v20-beta-5.html#sthash.4t4rUSOK.dpuf

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
<<< ♫♫♫ အားလုံးကိုခင်မင်လေးစားလျှက်-Saksoimon ♫♫♫ >>>

Contact Form

Name

Email *

Message *