အခုထပ်တင်ပေးမယ့် နည်းပညာလေးကတော့ Android OS Smart
ဖုန်းအသုံးပြုသူများအားလုံးနီးပါ သိပြီးသာဖြစ်တော့မှာပါ၊ တနေ့က
မိတ်ဆွေတစ်ယောက်မှ မေးမြန်းတောင်းဆိုထားလို့ တစ်ချို့မသိသေးတဲ့
မိတ်ဆွေများရှိရင်လည်း အလွယ်တကူ Android OS Smart ဖုန်းမှာ .apk File များ
ထည့်သွင်း Install လုပ်လို့ရအောင် ထပ်တင်ပေးလိုက်တာပါ။ အခုပြပေးတာကတော့ Android Version 4.1.2 မှာ ပြပေးပါမယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။
အဆင့် ၁။
Computer ထဲက .apk File ကို မိမိ၏ Android ဖုန်းမှာ ထည့်သွင်းမယ်ဆိုရင်
Computer နှင့် မိမိ၏ Android ဖုန်းကို USB ကြိုးဖြင့်
အရင်ဆုံးချိတ်ဆက်ရပါမယ်။ အဲဒီအတွက် မိမိ၏ Android ဖုန်း Setting ထဲက USB
debugging ကို On ပေးဖို့လိုပါတယ်။ မိမိ၏ Android ဖုန်း SD Card ထဲမှာ .apk
File ရှိပြီးသာဆိုရင် USB debugging ကို မ On ပေးလည်းရပါတယ်။
ဒါပေမယ့် .apk File ကို မိမိ၏ Android ဖုန်းမှာ ထည့်သွင်းမယ်/Install
လုပ်မယ်ဆိုရင် Unknown Sources ကိုတော့ မဖြစ်မနေ On ပေးဖို့ လိုပါတယ်။
အပေါ်မှပြပေးတဲ့ ပုံကိုကြည့်ပြီးလုပ်ဆောင်ပါ။ အလွယ်လေးမို့လို့ စာနဲ့ မရေးပေးတော့ပါဘူးနော်။
အဆင့် ၂။ မိမိ၏ Android ဖုန်းမှာ ထည့်သွင်း/Install ပြုလုပ်မယ့် .apk File ကို မိမိ၏ SD Card ထဲဝင်ပြီးရှားပါ။ တွေ့ပြီးဆိုရင် အောက်ပါပုံကို ကြည့်ပြီး အဆင့်လိုက် ထည့်သွင်း/Install ပြုလုပ်ပေးလိုက်ပါ။
မသိသေးတဲ့ မိတ်ဆွေများအားလုံးအဆင်ပြေနိုင်ကြပါစေ။
ဒီကနေကူးလာသည် - http://mrthangming.blogspot.com/2013/06/android-apk-file-install.html



































0 comments:
Post a Comment