.
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်
  • ပုံအတွက် မိမိထည့်ချင်သောစာထည့်ရန်

အွန်လိုင်းညီအကိုမောင်နှမများ...ကျွန်နော်ဒီဆိုဒ်လေးကိုမေတ္တာစေတနာထားပြီး...သိသလောက်တက်သလေက်လေးကိုကျွန်နော်ရဲ့ညီအကိုမောင်နှမများအတွက်...ပြန်လည်မျှဝေခြင်းဘဲဖြစ်ပါတယ်ခင်ညာ...ဆော့ဝဲလ်အကြောင်းနားမလည်ပါ... ဖုန်းအကြောင်းလည်းမကျွမ်းကြင်ပါ...သိသလောက်လေးကိုပြန်လည်မျှဝေချင်တာသက်သက်ပါ...သင်ဆရာတော့မရှိပါဘူးကျွန်နော်ရဲ့ညွှန်ကြားဆရာဖြစ်တဲ့ KP-3 ဘလော့ခရီးသည် တို့ကိုအလေးစားလျှက်အထူးကျေးဇူးတင်ပါတယ်...လာလည်သူ သူငယ်ချင်းအားလုံးကိုလည်းဆုမွန်ကောင်းတောင်းပါတယ်...

Thursday, 23 May 2013

Facebook Chat ကို စာလုံး ဒီဇိုင်းအလန်းလေးတွေ နဲ့သုံးဖို့ နည်းလမ်း(၃)မျိုး

Unknown | 04:22 | Best Blogger Tips

ဒီပို့စ်က ၂၀၁၂ ခုနှစ် ၁၀ လပိုင်းထဲက ကျွန်တော်ရေးထားတာပါ
အ၇င်ဆိုဒ်ဟောင်းလေးမှာပါသွားတော့ အခု ပြန်ရှာပြီး ပြန်တင်ပေးလိုက်တယ်
အခုထိ အသုံးဝင်နေဆဲပါပဲ......
ကျွန်တော်ဒီနေ့ facebook social site ကို အသုံးပြုနေတဲ့သူတွေ အတွက်
facebook chat ကို Smile Key လေးတွေနဲ့သုံးနည်းလေး ပြောပြပါ့မယ်
 
ကျွန်တော်သိတဲ့ နည်းလမ်း (3) မျိုး ရှိပါတယ်.

(၁) ပထမတစ်မျိုးက facebook chat အတွက် facebook က ပေးထားတဲ့ ကုဒ်လေးတွေ ရှိပါတယ်
      ဥပမာ အားဖြင့် Smile ပုံလေး ပေါ်ချင်တယ်ဆိုရင်တော့ :)  လို့ရိုက်ထည့်ရတာပါ အဲဒါမျိုးလေး
      နဲ့ အခြား ပုံလေးတွေ ပေါ်ဖို့အတွက် ဆိုရင် ကျွန်တော်အောက်ကပြထားတဲ့အတိုင်းလေး
      ရိုက်ထည့်လိုက်ပါ.......... ဘယ်ဘက်က ပုံလေးပေါ်ဖို့အတွက် ညာဘက် က သင်္ကေတ 
      လေး ကို facebook chat ဘောက်လေးမှာ :) လို သင်္ကေတလေး ရိုက်ထည့်ပြီး Enter   
      ခေါက်လိုက်တာနဲ့ ပုံလေးပေါ်လာမှာပါ
 
(၂)   နောက်တစ်မျိုးကတော့ မိတ်ဆွေတို့ ရေးတဲ့စာလုံးကို ဒီဇိုင်းလေးတွေနဲ့ လုပ်ခြင်းပါ
        ကျွန်တော်ပြောတာသိပ်နားမလည်ဘူးထင်တယ်...  လက်တွေ့ပြပါ့မယ် အရင်ဆုံး
         http://smileyti.me/ ဆိုဒ်လေးကိုသွားလိုက်ပါ
         ပြီးရင် အောက်ကပုံအတိုင်း လုပ်လိုက်ပါ (မှတ်ချက်- မြန်မာစာများ မရပါ)
 
ဖောင့်ရွေးရန်ဆိုတဲ့နေရာမှာ ဖောင့်ရွေးဖို့အတွက် သူ့မှာပါတဲ့ ဖောင့်ဒီဇိုင်း 6 ခုလောက်ကိုရွေးတာပါ
ပြီးရင်တော့ အောက်က အကွက်လေးမှာ မိမိပေါ်ချင်တဲ့စာသားပေါ့ ဥမပာ - Good Night တို့ 
Love တို့ပေါ့ အင်္ဂလိပ်စာလုံးသာ လက်ခံပါတယ်  မြန်မာလို မရပါဘူးခင်ဗျာ
အောက်မှာ ပေါ်နေတာကတော့ chat box မှာပေါ်မယ့် ဒီဇိုင်းလေးပါ 
အားလုံးအဆင်ပြေပြီဆိုရင်တော့ အောက်မှာ ကုဒ်တွေပေါ်လာပါမယ် အဲကုဒ်တွေကို
ကော်ပီကူးပြီး မိတ်ဆွေတို့ရဲ့ facebook chat ဘောက်ထဲ ထည့်ပြီး Enter ခေါက်လိုက်တာနဲ့
စာလုံးဒီဇိုင်းလေးတွေ ပေါ်သွားမှာပါ
(၃) ကတော့ ချက်ဘောက်ကနေ ဓါတ်ပုံလေးတွေ ပြတာပါ အဲလိုလုပ်ဖို့အတွက် 
      http://smileychatcodes.com/facebook-smiley-chat-codes/ လင့်လေးကိုသွားလိုက်ပါ
      ပြီးရင် အောက်ကပုံလေးအတိုင်း browse ကိုနှိပ်ပြီး မိမိ ပြချင်တဲ့ပုံလေးကို ရွေးလိုက်ပါ
      ရွေးပြီးရင်တော့ Open လုပ်လိုက် ပါ.. ပြီးရင် upload Now ဆိုတာကိုနှိပ်လိုက်ပါ
 
ခဏစောင့်လိုက်ပါ သူပုံကို upload လုပ်နေပါမယ် လုပ်ပြီးရင်တော့ အောက်ကပုံအတိုင်း
ကုဒ်တွေပေါ်လာပါလိမ့်မယ်   အဲကုဒ်တွေအားလုံးကို ကော်ပီကူးပီ်း facebook chat box 
ထဲထည့်ပေးလိုက်ပြီး Enter ဆိုရင် ပုံလေးပေါ်သွားမှာပါ
 
အောက်ကပုံလေးအတိုင်းပေါ့ (ကျွန်တော့်ပုံလေးနဲ့ ဥပမာ ပြထားတာ ဟဲဟဲ)
 
ဒီနည်းလေးကို သိတဲ့သူများလည်း သိကြမှာပါ သို့သော် ကျွန်တော်ရေးချင်ပေမယ့်
အချိန်တွေ မအားလို့ပါ အခုတော့ ကျွန်တော်ကျောင်းမှာ Practicle လုပ်ရမယ့်အချိန်လေးရောက်လာတော့
ကိုယ်ပိုင် နည်းပညာပို့စ်လေးတွေ တင်ပေးမယ်ဆိုပြီး စိတ်ကူးမိလို့ တင်ပေးလိုက်တာပါ...
အားလုံးအဆင်ပြေပါစေခင်ဗျာ..

( IT-WARE မှတစ်ဆင့်ကူးယူဖေါ်ပြပါသည် )

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
<<< ♫♫♫ အားလုံးကိုခင်မင်လေးစားလျှက်-Saksoimon ♫♫♫ >>>

Contact Form

Name

Email *

Message *